Thursday, October 26, 2006

ဒီနေ့တော့ နေကောင်းသွားပြီး

တစ်ပတ်လောက်နေ မကောင်းလိုက်တာ ၊ ဟူး. ပုံမှန်ပြန်ဖြစ်ဖို့ တော်တော်လေးအချိန်ယူလိုက်ရတယ်။ ကျန်းမာခြင်း ၏တန်ဖိုးကို နေမကောင်းမှ တော်တော်နားလည်သွားတော့တယ်။ အလုပ်လည်းလုပ်လုပ် ကျန်းမားရေးလည်း နောက်ဆိုရင် ဂရုစိုက်ဖို့လည်းလိုလာပြီး။
ဆေးတွေကလည်း ပုံမှန်ရှိသင့်တဲ့ဈေးထက် ပိုနေတယ် ၊ အရာရာပါပဲ ဆိုပါတော့ ၊ တခြားဟာဆို ချင့်ချိန်လို့ရတယ် ၊ ဆေးကတော့ ဈေးဆစ်လို့မှမရတာ ၀ယ်ရတာပေါ့ ( ဒါကြောင့် ပြောတာထင်တယ် - ဆေးဖိုးဝါးခ တဲ့ ) ။ လူတွေကို ကျန်းမာရေး စောင့်ရှောက်တာ မွန်မြတ်ပါတယ်။ ကျန်းမာရေးကို ခုတုံးလုပ်ပြီး လူ့အသက်ပေါ်မှာ အမြတ်ထုတ်တာတော့ ဆိုးလွန်းပါတယ်။

ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာမှသိ ၊
လူ့ဘ၀၏တန်ဖိုးကို သေခါနီးမှသိ ၊ ....

အားလုံးကျန်းမာသော ဘ၀ကို ပိုင်ဆိုင်ပါစေ။