မီးလာတုန်းရေခံ
"မိုးရွာတုန်းရေခံ" ခေတ်ကလွန်လေသောအခါ၊"မီးလာတုန်းရေခံ"ကာလကိုရောက်ခဲ့ပါပြီ။ နွေရာသီမရောက်ခင်စပ်ကြားကာလမှာ၊ထုတ်လွှတ်ပေးသောဓါတ်အားမှာမပြည့်-(ကိုင်မိရင်တောင် မသေနိုင်) သောကြောင့် ညဖက်ညဖက်မီးအားပြည့်လောက်ချိန်မှ ရေစက်မောင်းလို့ရသဖြင့် ရပ်ကွက်လုံးကျွတ် မီးလာတုန်းရေခံကြပါကြောင်း၊ ဤသည်မှာမြို့တော်ရန်ကုန်၏ မီးအားပြည့်သော ညတစ်ညအဖြစ်အမှတ်ရစရာများပင်။
သဘာဝကြီးမှလက်ဆောင်ပေးသော ရေအားလျှပ်စစ်များ၊သဘာဝဓါတ်ငွေ့များ (မဟာသဘာဝဓါတ်အားလိုင်းများ)
ကို....အစဉ်စောင့်မျှော်တမ်းတလျှက် ၊၊၊၊၊၊၊။။။။။၊၊၊၊၊၊
4 liquid state of life ( for men )

ဒီပုံလေးက သူငယ်ချင်းကပြလို့ ကြိုက်သွားတာ။ ဒီလိုမျိုး ပုံလေးတွေ၊ Idea ရှိတဲ့ပုံလေးတွေကို စုဆောင်းပြီးတင်ထားတဲ့ Blog တစ်ခုကို ညွှန်းပါရစေ။ India က လူငယ်ပါ။ ဒီ
link ကနေသွားပြီးခံစားဖို့ညွှန်းလိုက်ပါတယ်။
http://sixfaces.blogspot.com/2006_08_01_sixfaces_archive.html
ကျေးဇူးတင်ရှိပါကြောင်း
့Blog တွေမှာမြန်မာလို ရေးလို့ရသွားတဲ့အတွက် ကျေနပ်မိတယ်။ ဒီလိုမျိုးရေးနိုင်ဖို့အတွက် သင်ပေးခဲ့သော အင်တာနက် ကြီးနှင့်တ့ကွ ကြားဆရာ၊သင်ဆရာ၊နည်းပညာများဖြန့်ဝေပေးသူများ၊ နောက်ပြီး ZawGyi Font ကိုရယူသုံးစွဲခွင့်ရှိတဲ့အတွက် Alpha Mandalay ကိုလည်းကျေးဇူးတင်ပါ၏။
အင်တာနက် ကြီးကိုတော့ လိုသလိုသာ သုံးပါလေခင်ဗျား။
ဒီနေ့တော့ နေကောင်းသွားပြီး
တစ်ပတ်လောက်နေ မကောင်းလိုက်တာ ၊ ဟူး. ပုံမှန်ပြန်ဖြစ်ဖို့ တော်တော်လေးအချိန်ယူလိုက်ရတယ်။ ကျန်းမာခြင်း ၏တန်ဖိုးကို နေမကောင်းမှ တော်တော်နားလည်သွားတော့တယ်။ အလုပ်လည်းလုပ်လုပ် ကျန်းမားရေးလည်း နောက်ဆိုရင် ဂရုစိုက်ဖို့လည်းလိုလာပြီး။
ဆေးတွေကလည်း ပုံမှန်ရှိသင့်တဲ့ဈေးထက် ပိုနေတယ် ၊ အရာရာပါပဲ ဆိုပါတော့ ၊ တခြားဟာဆို ချင့်ချိန်လို့ရတယ် ၊ ဆေးကတော့ ဈေးဆစ်လို့မှမရတာ ၀ယ်ရတာပေါ့ ( ဒါကြောင့် ပြောတာထင်တယ် - ဆေးဖိုးဝါးခ တဲ့ ) ။ လူတွေကို ကျန်းမာရေး စောင့်ရှောက်တာ မွန်မြတ်ပါတယ်။ ကျန်းမာရေးကို ခုတုံးလုပ်ပြီး လူ့အသက်ပေါ်မှာ အမြတ်ထုတ်တာတော့ ဆိုးလွန်းပါတယ်။
ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာမှသိ ၊
လူ့ဘ၀၏တန်ဖိုးကို သေခါနီးမှသိ ၊ ....
အားလုံးကျန်းမာသော ဘ၀ကို ပိုင်ဆိုင်ပါစေ။
စမ်းသပ်ဆဲ
အားလုံးကို လေးစားပါတယ်
test posting
This is test post