Tuesday, October 31, 2006

မီးလာတုန်းရေခံ

"မိုးရွာတုန်းရေခံ" ခေတ်ကလွန်လေသောအခါ၊"မီးလာတုန်းရေခံ"ကာလကိုရောက်ခဲ့ပါပြီ။ နွေရာသီမရောက်ခင်စပ်ကြားကာလမှာ၊ထုတ်လွှတ်ပေးသောဓါတ်အားမှာမပြည့်-(ကိုင်မိရင်တောင် မသေနိုင်) သောကြောင့် ညဖက်ညဖက်မီးအားပြည့်လောက်ချိန်မှ ရေစက်မောင်းလို့ရသဖြင့် ရပ်ကွက်လုံးကျွတ် မီးလာတုန်းရေခံကြပါကြောင်း၊ ဤသည်မှာမြို့တော်ရန်ကုန်၏ မီးအားပြည့်သော ညတစ်ညအဖြစ်အမှတ်ရစရာများပင်။
သဘာဝကြီးမှလက်ဆောင်ပေးသော ရေအားလျှပ်စစ်များ၊သဘာဝဓါတ်ငွေ့များ (မဟာသဘာဝဓါတ်အားလိုင်းများ)
ကို....အစဉ်စောင့်မျှော်တမ်းတလျှက် ၊၊၊၊၊၊၊။။။။။၊၊၊၊၊၊