Tuesday, October 31, 2006

မီးလာတုန်းရေခံ

"မိုးရွာတုန်းရေခံ" ခေတ်ကလွန်လေသောအခါ၊"မီးလာတုန်းရေခံ"ကာလကိုရောက်ခဲ့ပါပြီ။ နွေရာသီမရောက်ခင်စပ်ကြားကာလမှာ၊ထုတ်လွှတ်ပေးသောဓါတ်အားမှာမပြည့်-(ကိုင်မိရင်တောင် မသေနိုင်) သောကြောင့် ညဖက်ညဖက်မီးအားပြည့်လောက်ချိန်မှ ရေစက်မောင်းလို့ရသဖြင့် ရပ်ကွက်လုံးကျွတ် မီးလာတုန်းရေခံကြပါကြောင်း၊ ဤသည်မှာမြို့တော်ရန်ကုန်၏ မီးအားပြည့်သော ညတစ်ညအဖြစ်အမှတ်ရစရာများပင်။
သဘာဝကြီးမှလက်ဆောင်ပေးသော ရေအားလျှပ်စစ်များ၊သဘာဝဓါတ်ငွေ့များ (မဟာသဘာဝဓါတ်အားလိုင်းများ)
ကို....အစဉ်စောင့်မျှော်တမ်းတလျှက် ၊၊၊၊၊၊၊။။။။။၊၊၊၊၊၊

Sunday, October 29, 2006

4 liquid state of life ( for men )


ဒီပုံလေးက သူငယ်ချင်းကပြလို့ ကြိုက်သွားတာ။ ဒီလိုမျိုး ပုံလေးတွေ၊ Idea ရှိတဲ့ပုံလေးတွေကို စုဆောင်းပြီးတင်ထားတဲ့ Blog တစ်ခုကို ညွှန်းပါရစေ။ India က လူငယ်ပါ။ ဒီ link ကနေသွားပြီးခံစားဖို့ညွှန်းလိုက်ပါတယ်။
http://sixfaces.blogspot.com/2006_08_01_sixfaces_archive.html

Friday, October 27, 2006

ကျေးဇူးတင်ရှိပါကြောင်း

့Blog တွေမှာမြန်မာလို ရေးလို့ရသွားတဲ့အတွက် ကျေနပ်မိတယ်။ ဒီလိုမျိုးရေးနိုင်ဖို့အတွက် သင်ပေးခဲ့သော အင်တာနက် ကြီးနှင့်တ့ကွ ကြားဆရာ၊သင်ဆရာ၊နည်းပညာများဖြန့်ဝေပေးသူများ၊ နောက်ပြီး ZawGyi Font ကိုရယူသုံးစွဲခွင့်ရှိတဲ့အတွက် Alpha Mandalay ကိုလည်းကျေးဇူးတင်ပါ၏။
အင်တာနက် ကြီးကိုတော့ လိုသလိုသာ သုံးပါလေခင်ဗျား။

Thursday, October 26, 2006

ဒီနေ့တော့ နေကောင်းသွားပြီး

တစ်ပတ်လောက်နေ မကောင်းလိုက်တာ ၊ ဟူး. ပုံမှန်ပြန်ဖြစ်ဖို့ တော်တော်လေးအချိန်ယူလိုက်ရတယ်။ ကျန်းမာခြင်း ၏တန်ဖိုးကို နေမကောင်းမှ တော်တော်နားလည်သွားတော့တယ်။ အလုပ်လည်းလုပ်လုပ် ကျန်းမားရေးလည်း နောက်ဆိုရင် ဂရုစိုက်ဖို့လည်းလိုလာပြီး။
ဆေးတွေကလည်း ပုံမှန်ရှိသင့်တဲ့ဈေးထက် ပိုနေတယ် ၊ အရာရာပါပဲ ဆိုပါတော့ ၊ တခြားဟာဆို ချင့်ချိန်လို့ရတယ် ၊ ဆေးကတော့ ဈေးဆစ်လို့မှမရတာ ၀ယ်ရတာပေါ့ ( ဒါကြောင့် ပြောတာထင်တယ် - ဆေးဖိုးဝါးခ တဲ့ ) ။ လူတွေကို ကျန်းမာရေး စောင့်ရှောက်တာ မွန်မြတ်ပါတယ်။ ကျန်းမာရေးကို ခုတုံးလုပ်ပြီး လူ့အသက်ပေါ်မှာ အမြတ်ထုတ်တာတော့ ဆိုးလွန်းပါတယ်။

ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာမှသိ ၊
လူ့ဘ၀၏တန်ဖိုးကို သေခါနီးမှသိ ၊ ....

အားလုံးကျန်းမာသော ဘ၀ကို ပိုင်ဆိုင်ပါစေ။

Wednesday, October 25, 2006

စမ်းသပ်ဆဲ

အားလုံးကို လေးစားပါတယ်

test posting

This is test post